-ဤစာရေးသူအား..၁၉၈၇-ခုနှစ်မှ စတင်ဖြည့်ဆောင်လာခဲ့တဲ့ "နှစ်ပေါင်း(၃၀)ဆက်တိုက်ကြီးဖြစ်တဲ့ ပဒေသာကျင့်စဉ်ကြီးသည် > မဟာမ'ကာရ လောပဥာဏ်စဉ်+မဟာဒိဗ္ဗစက္ခုဥာဏ်+ပဒေသာသိဒ္ဒိဥာဏ်စဉ်..ဆိုတဲ့ ဆန်းကြယ်အစွမ်းထက်သော တန်ဘိုးကြီးဥာဏ်စဉ်(၃)မျိုးတို့ကို ပိုင်ဆိုင်အသုံးချနိုင်ဘို့အတွက် အထူးရည်ရွယ်ပြီးတော့ တမင်္ဂလာအထူးပြုကာ လေ့ကျင့်ဖြည့်ဆောင်ခဲ့တဲ့ အဓိဋ္ဌာန်ကျင့်စဉ်ကြီးပင် ဖြစ်ပါတယ်..
********
-၂၀၁၇(ခုနှစ်ရဲ့ မတ်လ-၁၂)ရက်..တပေါင်းလပြည့်နေ့မှာ ဤစာရေးသူအား "နှစ်ပေါင်း(၃၀)ဆက်တိုက်ကြီးဖြစ်တဲ့ ပဒေသာကျင့်စဉ်ခန်းကြီးတစ်ခုက ပြီးမြောက်အောင်မြင်ခဲ့ရတယ်၊
+++++++
-ဤစာရေးသူအား "နှစ်ပေါင်း(၃၀)ဆက်တိုက်ကြီးဖြစ်တဲ့ ပဒေသာကျင့်စဉ်ခန်းကြီးတစ်ခု> ပြီးမြောက်အောင်မြင်ပြီးသွားလို့ ရှေ့ဆက်အချိန်ကာလစဉ် အသစ်သစ်တွေထဲ..အထက်ပါဥာဏ်စဉ်ကြီး(၃)မျိုးတို့ကို တကယ်အသုံးပြုတဲ့အခါ..
(က)သီလသိက္ခာရှိခြင်းအခြေခံဖြင့် သမာဓိနဲ့ချိန်ညှိပြီးတော့မှ အသုံးပြုနိုင်တာမျိုးတွေ ကိုယ်တိုင်ကြုံရတယ်..။..
(ခ)-သီလသိက္ခာရှိခြင်းအခြေခံဖြင့် ဘုန်းကံလို့ဆိုအပ်တဲ့ ရင့်ကျက်အတိတ်ကုသိုလ်ကံများနဲ့ သင့်တင့်မှန်စွာ ချိန်ညှိပြီးတော့မှ အသုံးပြုနိုင်တာမျိုးတွေ ထူးထူးခြားခြားတွေ့ရတယ်..။..
(ဂ)-သီလသိက္ခာရှိခြင်းအခြေခံဖြင့် ဂမ္ဘီရနည်း..အဓိဋ္ဌာန်'အထူးပြုပြီးမှ အထက်ပါဥာဏ်စဉ်ကြီး(၃)မျိုးတို့ကို အချိန်အခါအားလျောစွာ သူ့နေရာနဲ့သူ အသုံးချနိုင်တာမျိုးတွေ ဆန်းဆန်းကြယ်ကြယ် ကြုံတွေ့နေရတယ်။
........
-ပိုင်းခြမ်းသိတတ်တဲ့ဥာဏ်,ထိုးထွင်းသိတတ်တဲ့ဥာဏ်,ဆက်စပ်သိတတ်တဲ့ဥာဏ်,ဆန့်ကျင်ဘက်(၂)ခုတို့ကို ယှဉ်ပြိုင်မြင်တတ်တဲ့ဥာဏ်,ကောင်းကင်လို ကျယ်ဝန်းတဲ့ဥာဏ်,နေလို..လလို ထွန်းထွန်းတောက်တောက် အရောင်အလင်းရှိတဲ့ဥာဏ်,ရေတံခွန်..လှိုင်းတံပိုးများလို အရှိန်အဟုန်ရှိတဲ့ဥာဏ်,မီးလျံမီးဓာတ်ဝန်းလို ရန်သူပြိုင်ဘက်တို့အား ရှို့မြှိုက်လောင်ကျွမ်းတတ်တဲ့ဥာဏ်,လေမုန်တိုင်းတွေလိုမျိုး ကမျောက်ကချောက် အမှောင့်ကောင်များအား မှုတ်ထုတ်အဝေးလွင့်တတ်တဲ့ဥာဏ်,တန်ခိုးအစွမ်းထက်သော စကြာလက်နက်များနဲ့ ပစ်ခွင်းပစ်ဖောက်ဝင်လာသလိုမျိုး ကြောက်ထိတ်ဘွယ်ရာ အမေးအစစ်ဥာဏ်,တန်ဘိုးကြီးမားသည့် ထူးခြားဆန်းကြယ်စွာသော အဖြေအလင်းဥာဏ်,လိုတရ ပဒေသာဖန်တီးဥာဏ် စသည်ဖြင့် ဥာဏ်စဉ်တန်ဘိုးတရာများ အမျိုးစုံရှိတတ်၍..ထိုထိုဥာဏ်စဉ်တို့၌ စွမ်းရည်အဆင့်ချင်း မတူကြပဲ..အသုံးချနိုင်ဘို့အတွက် အခြေခံအားပြုရတာမျိုးလဲ ကွဲပြားကြသေးတယ်၊
...တကယ်အမှန်မှာတော့ ဥာဏ်ဆိုတာ သိတတ်ခြင်းပင် ဖြစ်ပြီး..သညာသိ,၀ိဥာဏ်သိတို့ထက် သာလွန်ထူးခြားပြီးတော့ အထူးထူး အပြားပြား အကဲပိုကာ 'အင်အား'ပါသော(အစွမ်းသတ္တိရှိသော) သိတတ်;မြင်တတ်တာမျိုး ဖြစ်ပါသတည်းတဲ့ခင်ဗျာ..။
.....
.................
{>>..ကိုယ့်မှာ ဥာဏ်ရှိထားတယ်ဆိုတိုင်း..ဥာဏ်က သူ့အလိုအလျောက် အမြဲဖြစ်ပေါ်အစွမ်းပြနေတာမျိုးတွေ မဟုတ်တတ်ပဲ ဥာဏ်ပွင့်လင်းလာဘို့အတွက် အခြေခံညှိယူမှုတွေ လုပ်ပေးရပါတယ်..သင်္ချာဆရာကြီးအား သင်္ချပုစ္ဆာမြင်တိုင်း သင်္ချာဥာဏ်တွေ ထင်ရှားပေါ်လွင်လာတတ်သလား..သင်္ချာဆရာကြီးအား ရာဂထန်နေတဲ့အချိန်,ဒေါသမွှန်ထူနေတဲ့အခိုက်မှာ သင်္ချပုစ္ဆာမြင်တိုင်း သင်္ချာဥာဏ်တွေ ထင်ရှားပွင့်လင်းသွားရောလား..
-တန်ဘိုးကြီး မြင့်မြတ်တဲ့ ဥာဏ်စဉ်အလင်းအားများကို ဖော်ထုတ်အသုံးချနိုင်ဘို့အတွက် အခြေခံအနေနဲ့ စိတ်ငြိမ်းအေးမှုတွေ လိုအပ်တယ်ပေါ့နော..။}
.....
-ဤစာရေးသူအား>မဟာမ'ကာရ
လောပဥာဏ်စဉ်+မဟာဒိဗ္ဗစက္ခုဥာဏ်+ပဒေသာသိဒ္ဒိဥာဏ်စဉ်..ဆိုတဲ့
ဆန်းကြယ်အစွမ်းထက်သော တန်ဘိုးကြီးဥာဏ်စဉ်(၃)မျိုး..အသုံးပြုခဲ့ရပုံ
မှတ်တမ်းများကို အချိန်ပို အားလပ်တဲ့အခါ စုစုစည်းစည်းနဲ့ fb နဲ့ blogs
တွေထဲမှာ မှတ်တမ်းပြုပေးထားပါမယ်။
.................
(-blogs တွေထဲမှာ စာဝင်'မရေးတာ တစ်နှစ်မကအောင် အချိန်ကြာခဲ့ပြီနော..ဤစာရေးသူရဲ့ blogs ဧည့်သည်များနဲ့ blogger မိတ်ဆွေများ ..ကိုယ်နဲ့သင့်တန်သလောက်သော အရာဋ္ဌာနတွေမှာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်စေသား..။)
++++++++++