-------------- မင်္ဂလာပါ စာဖတ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ...

Friday, October 30, 2015

" အရိမေတ္တယျဗုဒ္ဓ၀င်"

~~~~~~~~~~~~~~~~~~~~~~~~
*****************
၁။-ပွင့်တော်ရာ ကမ္ဘာ -ဤယ္ခုအခါဝယ် ထင်ရှားရှိတည်နေဆဲဖြစ်တဲ့ ဘဒ္ဒကမ္ဘာ၊

၂။ ဘုရားလောင်းအမည်တော် -အဇိတ

၃။ ဘုရားရှင်ဘွဲ့တော် -အရိမေတ္တေယျ

၎။ မျိုးရိုးအနွယ်တော် -ဗြာဟ္မဏပုဏ္ဏားမျိုး


၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ


၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး


၇။ မယ်တော် - ဗြဟ္မ၀တီပုဏ္ဏေးမကြီး


၈။ ပွင့်တော်မူရာဗောဓိပင် -ကံ့ကော်ပင်


၉။ ဓမ္မစကြာတရားဟောတော်မူရာအရပ်ဋ္ဌာန- နာဂ၀န ကံ့ကော်တော


၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား - ကုဋေတစ်သိန်း


၁၁။ သာဝကအစည်းအဝေး -သုံးကြိမ်


၁၂။ အမျိုးသားသာဝက (အဂ္ဂသာဝက) -(၁) အသောက
(၂) ဗြဟ္မဒေဝ


၁၃။ အလုပ်အကျွေး - သီဟ


၁၄။ အမျိုးသမီးသာဝက (အဂ္ဂသာဝိကာ) -(၁) ပဒုမာ
(၂) သုမနာ


၁၅။ ကိုယ်တော်ရောင် -(၂၅) ယူဇနာ


၁၆။ အရပ်တော် - (၈၈) တောင်


၁၇။ ပါရမီဖြည့်ခဲ့သော အချိန်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း


၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၆) ရက်


၁၉။ သက်တမ်းတော် -အနှစ်ရှစ်သောင်း


၂၀။ စည်းစိမ်ခံစားရာနှစ်ပေါင်း -အနှစ်ရှစ်ထောင်


၂၁။ စံရာပြသာဒ် - သီရိဝဍ္ဎ, ၀ဍ္ဎမာန, သိဒ္ဓတ္ထ, စန္ဒက


၂၂။ ကြင်ယာတော် - စန္ဒမုခီ


၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန


၂၄။ တောထွက်သောယာဉ် -ပြသာဒ်ယာဉ်ပျံတော်


၂၅။ဘုရားဖြစ်တော်မူရာ မြတ်ပလ္လင်တော်မှာ ရွှေပလ္လင်တော်..


၂၆။-စကြ၀ဠာတိုက်တစ်သောင်းအတွင်းရှိ လူနတ်ဝေနေယျတို့အား..ပတ္တမြားပလ္လင်တော်ထက်ဝယ် တင့်တယ်စွာ သီးတင်းသုံးနေတော်မူလျက် တရားဟောတော်မူမည်၊


၂၇။-အရိမေတ္တယျမြတ်ဗုဒ္ဓခေတ်ဝယ်> လူတို့ရဲ့သက်တမ်း-အနှစ်တစ်သိန်းခန့်လောက် ရှည်လျားသတဲ့။
----------------------

(--အရိမေတ္တယျမြတ်ဗုဒ္ဓခေတ်'အတွင်း လူသားယောက်ျားတို့ရဲ့ အရပ်အမောင်း အမြင့်က..မိတေယျဘုရားရှင်ရဲ့အောက်ကို ထက်ဝက်ခန့်သာ မြင့်ကြမည်၊

-သာမန်လူသားယောက်ျားတို့က.. အတောင် ၄၀-ခန့်သာ အရပ်မြင့်နိုင်ကြမည်၊

--မိတေယျဘုရားရှင်ရဲ့ ပကတိသော ခန္ဓာကိုယ်တော်'အရပ်အမောင်းက..သာမန်လူသားယောက်ျားတို့ရဲ့ -၂-ဆ..= အတောင် ၈၀-ထိအောင် အရပ်တော် မြင့်မားမည်၊)
++++++++++++

Tuesday, October 27, 2015

"အနာဂတ၀င်ကျမ်း"

~~~~~~~~~~~~~~~~~~~~~~
"ဤယ္ခုနေ့တွင် ထင်ရှားရှိနေသော ဤဘဒ္ဒကမ္ဘာကြီးအတွင်းမှာပင် ရှေ့ဘက်ကိုလာမည့် တစ်ဆက်တည်းသော အာယုကပ်သစ်ထဲဝယ် ဧကန်မုချ အမှန်ပွင့်တော်မူလာရမည့် အရိမေတ္တေယျ မြတ်စွာဘုရားနှင့်ဆိုင်ရာ..သဗ္ဗညူအဖြေစဉ် မဟာဗျာဒိတ်တော်မြတ်များ"
***********************



















++++++++++++++++++++++++++++++++++++++++++++++++++