-------------- တက္ကသိုလ်ပါမောက္ခပဲ ဖြစ်ဖြစ်,သမ္မတပဲ ဖြစ်ဖြစ်,ဘုရင်ပဲ ဖြစ်ဖြစ်,ဘုန်းကြီးဥက္ကဋ္ဌ နံပါတ်(၁)ပဲ ဖြစ်ဖြစ် > ဘယ်သူ'ဘယ်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်..၀ိသုဒ္ဓိအဆင့်*ကိုယ်ပိုင်မရှိသေးပါက လူဖြစ်ရကျိုး'မနပ်သေးသောသူ=လူညံ့တွေသာ ဖြစ်ပါ၏..

Sunday, July 31, 2011

(57)-သဲအင်းဂူ ဆရာတော် ဦးဥက္ကဋ္ဌကြီင်္းရဲ့ ပေါက်မြောက်အောင်မြင်ထားပြီးသော တရားထူးအဆင့်မှန်များကို-တိတိကျကျ တိုင်းတာခဲ့ခြင်းများ

From: အိုးဘားမား အဝ အိပ်အိပ် "8ငိုက်ခြင်းမှ noထကြ!" <oway88@gmail.com>
Date: 2010/3/22
Subject: Re: **ဆရာတော်ဦးဥက္ကဋ္ဌရဲ့ ပေါက်မြောက်အောင်မြင်ထားပြီးသော
-တရားထူးအဆင့် ကို တိတိကျကျ တိုင်းတာခြင်း**
To: mon kyawoo <monkyawoo@gmail.com>


သို့ 
ko mon kyaw oo,
www.mommyatkyaw.blogspot.com

ကျနော် သိချင်လို့ မေးလိုက်တဲ့ မေးခွန်းတွေထဲက ဘာသာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းထူးကြီးကို အရေးထား ဂရုပြု အာရုံအထူးစိုက်ကာ ဖြေဆိုပေးတဲ့ လောကီလောကုတ် စွယ်စုံပညာရှင် မွန်ကျော်ဦးကို ကျေးဇူးအထူးတင်ရှိကြောင်း ပဏာမ စကားဦး ပါးပါရစေ။
ကျနော့်မှာ သိချင်လို့ သာ မေးလိုက်ရတယ။် အခုလို အချိန်တိုအတွင်း အကြောင်းပြန်စာ ရမယ်လို့  မထင်မိခဲ့ပါ။သို့ သော် လူပြန်တော် မွန်ကျော်ဦး၏ သီလ သမာဓိ ပညာ ကတိ သစ္စာတရားတို့ ညီညွတ်မျှတကြောင်းကို ကျနော် သဘောကောင်းကောင်းကြီးပေါက်လျှက် အကြောင်းပြန်ကြားစာကို အကြိမ်ကြိမ်ဖတ်ရင်း ဝမ်းမြောက်ပီတိ ဖြစ်ပွားလျှက်ရှိနေပါသည်။
ကျနော်အပါအဝင် ဝိပဿနာယောဂီအတော်များများ၏ ရင်ထဲတွင် မိမိတို့ တပည့်ခံ နည်းနာသင်ယူခဲ့ဖူးကြသည့် တရားပြတရားဟော ဆရာတော်ကြီးတိုင်းကို အရိယာ ရဟန္တာကြီးများအဆင့်ထိ ရင်ထဲထား ကြည်ညိုသဒ္ဓါပွားကြမြဲဖြစ်သည့်အားလျော်စွာ ကျနော်သည်လည်း မိုးကုတ်ဆရာတော်ကြီးဦးဝိမလ၏ အသံတော် တရားစာအုပ်တော်တို့ ကို ကြည်ညိုပြီးကတည်းက ရဟန္တာကြီးဟု တထစ်ချကြည်ညိုသဒ္ဓါတရားရှိခဲ့သည်မှာ အခုအထိဖြစ်ပါသည်။
ထို့ အတူ မှော်ဘီ သဲအင်းဂူဆရာတော်ကြီး (စာပရိယတ် မတတ်သော တောထွက်အရှင် )
ဦးဥက္ကဌ ဆရာတော်ကြီးကိုလည်း အထက်ပါနည်းတူ ရဟန္တာကြီးဟု တထစ်ချယုံကြည်လျှက် ဆရာတော်ဟောကြားသော မဂ်လေးပါး တရားတော် စာအုပ်ကို စတင်ဖတ်ရှုခဲ့ရပြီးချိန်မှစကာ အလိုလို ကြည်ညိုသဒ္ဓါစိတ်ဖြစ်ပွားလျှက် ဆရာတော့ အသံတော်များကိုနာကြားခြင်း။ဆရာတော့ နည်းလမ်းအတိုင်း အာနာပါန သတိပဌာန်အလုပ်ကို ဆရာတော့တပည့် သဲအင်းဂူဆရာတော်များပြသမှုအတိုင်း ပြင်းပြင်းထန်ထန် ရှုမှတ်အားထုတ်
ခဲ့ဖူးပါသည်။
ဆိုလိုရင်းမှာ ကျနော်ကြည်ညို အလေးထားသော မိုးကုတ်ဆရာတော်။သဲအင်းဂူဆရာတော်တို့ ကို ရဟန္တာများ အဖြစ် ယုံကြည်ပါသည်။ထို ဆရာမထေရ်တို့ ကိုယ်တိုင်ဟောခဲ့သောတရားများထဲမှလည်းကောင်း၊ထိုထိုရိပ်သာ ဌာနချုပ်တို့ မှ ထုတ်ဝေသော တရားစာအုပ်များထဲမှလည်းကောင်း သက်သေခိုင်လုံလှစွာသော အထောက်အထားတို့ က ထိုဆရာတော်တို့ ကို မဂ်လေးပါးရရှိကြပြီးသော အရိယာကြီးများအဖြစ် မှတ်ကျောက်တင်ခံလျှက်ရှိနေပါသည်
ထို့ ကြောင့် ယခုကျနော့် ပြန်စာနှင့်အတူ ဆရာတော်ဦးဥက္ကဌ၏ မဂ်လေးပါးအဆင့်အထိရရှိပြီးသော အထောက်အထားအချို့ ကို ပူးတွဲ ပို့ လိုက်ပါသည်။
* ကိုမွန်ကျော်ဦး သည် ကျင့်စဉ်သမားဖြစ်သည်ကို ကျနော် အကြွင်းမဲ့ ယုံကြည်ပါသည်။ထို့ ကြောင့် ဗေဒင်မေးသကဲ့ ကျနော်မေးခဲ့သည်များရှိလျှင် ကျနော့်ကို ခွင့်လွှတ်ပါ။နောက်နောင် ဗေဒင်ဆရာ အကြားအမြင်ဆရာအဖြစ်မေးခြင်းကို ရှောင်ကြည်ပါမည်။
**နောက်နောင် ဗုဒ္ဓဘာသာဆိုင်ရာ အဓိက မေးခွန်းများကိုသာ မေးခွင့်ပြုပါ။ကိုယ်ရေးကိုယ်တာမေးခွန်းများ ကျနော်မေးခဲ့လျှင် ခွင့်လွှတ်ပါ။မေးခွင့် မပြုပါနှင့်။ထိုသို့ မေးခြင်းကို ရှောင်ရှားသွားပါမည်။
ကိုမွန်ကျော်ဦးအနေဖြင့် လိပ်စာချီးမြင့်ခဲ့ပါက ကျနော့်ဘက်က သဲအင်းဂူဆရာတော်ကြီးဟောခဲ့ ပြသခဲ့သော တရားခွေ စီဒီခွေများကို စေတနာအလျှောက် ကျနော့မှာ ရှိသလောက် ပေးပို့ ဒါန ပြုချင်ပါသည်။ ခွင့်ပြုပါ။
မွန်ကျော်ဦးဘလော့တွင် ဆရာတော်ကြီးအကြောင်း အကျယ်တဝင့်တင်ပြပေးမည်ဆိုသဖြင့် ဝမ်းမြောက်စွာ စောင့်ဖတ်နေပါမည်။
ကျနော်သည်လည်း အသက်၃၀ ဦးဇင်းဝါ (၅)၀ါ တွင် လူထွက်ခဲ့ပြီး အိမ်ထောင်ပြုခဲ့ရာ ယခုအခါ ခလေးတယောက်အဖေ ဖြစ်လျှက်ရှိပါသည်။ကျနော် ကိုရင်ကြီးဘ၀ သီလဖြုစင်ချိန် တပါးကျောင်းတွင် ညဘက် တရားထိုင်ခဲ့စဉ် ဖြစ်ပျက်ကြုံခဲ့ရပုံများ။ဦးဇင်းဝတ်ဖြင့် သဲအင်းဂူအဓိဌာန် ၇ရက်စခန်းဝယ် ဆွမ်းမစား  ရေနှင့်ဖျော်ရည်သောက် ကျင့်ခဲ့စဉ် ထူးဆန်းကြုံခဲ့ရပုံများကို ကိုမွန်ကျော်ဦးအား အသိပေးတင်ပြပါဦးမည်။ကျနော့ကို စိစစ် ဝေဖန်စေရန်ဖြစ်ပါသည်။

ဆက်လက်တွေ့ ဆုံကြပါဦးမည်။bye 2 cu

ထာဝရလေးစားလျှက်--
အိုးဝေအောင်
အမေရိက
အာရီဇိုးနားပြည်နယ်။ ဖီးနစ်မြို့ ။
cell =+702 8244569
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
From: mon kyawoo <monkyawoo@gmail.com>
Date: 2010/3/21
Subject: **ဆရာတော်ဦးဥက္ကဋ္ဌရဲ့ ပေါက်မြောက်အောင်မြင်ထားပြီးသော
-တရားထူးအဆင့် ကို တိတိကျကျ တိုင်းတာခြင်း**
To: အိုးဘားမား အဝ အိပ်အိပ် 8ငိုက်ခြင်းမှ noထကြ! <oway88@gmail.com>



**ဆရာတော်ဦးဥက္ကဋ္ဌရဲ့ ပေါက်မြောက်အောင်မြင်ထားပြီးသော-တရားထူးအဆင့်မှန်တို့
ကို -တိတိကျကျ တိုင်းတာခြင်း**



**အိုဘားမား<oway88@gmail.com>ဆိုသူမှ-ဆရာတော်ဦးဥက္ကဋ္ဌရဲ့တရားထူးအဆင့်ကို ကူညီဖြေကြားပေး
ရန် တိုက်တွန်းတောင်းပန်သောကြောင့်--ဦးပဉ္စင်းဘ၀တုံးက ၀ိနည်းဥပဒေတော်
ကိုငဲ့နေရ၍ ဈာန်-၀ိပဿနာ-မဂ် စသည့် တရားထူးများနှင့်ပတ်သက်ပြီး ပြောချင်
တိုင်း-မပြောခဲ့ရသူ-ဦးပဉ္စင်းလူထွက် မွန်ကျော်ဦးသည် ဆရာတော်ဦးဥက္ကဋ္ဌနှင့်
ဆိုင်သောအမေးပုစ္ဆာကြီးကို-ဖြေဆိုဘို့ရန် စိတ်ဆုံးဖြတ်ကာ-ပရိကံပြုပြီးလျင်--
**ဆရာတော်ဦးဥက္ကဋ္ဌရဲ့ပေါက်မြောက်အောင်မြင်ထားပြီးသော တရားထူး-တ
ရားမြတ်အဆင့်မှန်တို့ကို ပီပီပြင်ပြင်ထင်ထင်ရှားရှားနှင့်ပြည့်ပြည့်စုံစုံအမှန်အတိုင်း
သိမြင်ရလို၏..သိမြင်ရစေသတည်း..လို့အဓိဋ္ဌာန်ပြီးသည်နှင့် တစ်ဆက်ထဲတစ်
ဟုန်ထိုးအားအစွမ်းကြီးများဖြင့် အာနာပါနသမာဓိတို့တွင် ထက်ထက်သန်သန်
ပြင်းပြင်းထန်ထန် ၀င်စားနေလိုက်စဉ်--***အင်တာနက်လိုင်း ချိတ်ဆက်ထား
သော-အင်တာနက်စာမျက်နှာကိုလဲဖွင့်ထားပြီးအဆင်သင့်ဖြစ်နေသော-ကွန်ပြူ
တာတစ်လုံး မွန်ကျော်ဦးရဲ့ရှေ့နားမှာပေါ်လာ၏။*Quick start စာသားတွေ့သဖြင့်
စိတ်နဲ့ပင်နှိပ်ထည့်ပေးလိုက်ရာ-အင်တာနက်စာမျက်နှာကြီး တွင်-အလင်းပြည့် အဖြူရောင်ဖြစ်သွား
၏။ဝိဇ္ဖာဓိုရ်ချုပ်တစ်ဦးမှ- အရိယာမှတ်တမ်းစာအုပ်ကြီးကိုဖွင့်လိုက်လျင် ကွန်ပြူတာ
ဖန်သားပြင်ပေါ်တွင် ကီးဘုတ်နဲ့type လုပ်လိုက်သကဲ့သို့ စာရိုက်တင်လိုက်တဲ့ပုံစံ
ဖြင့် စာသား၂လုံးတက်လာ၏။(ပေါ်ထွက်လာ၏)။စာသားက **ဂါ မ**ဖြစ်ပါ၏။
***ဆရာတော်ဦးဥက္ကဋ္ဌရဲ့ တရားထူးအဆင့်မှန်**သောတာပတ္တိကိုကျော်လွန်၏။
အရဟတ္တကိုလဲမရောက်ပါ။အလယ်နေရာ--သကဒါဂါမိမဂ်-အနာဂါမိမဂ် ကိုတည့်
တည့်ကြီးပြပေးထားပါ၏။**



**မေး။သကဒါဂါမ်လား အနာဂါမ်လား တိတိကျကျဖြေပါ မွန်ကျော်ဦး။
**ဖြေ။။ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ထဲက ဓမ္မခန္ဓာတစ်ခုကို အတိအကျ
ရွေးပေးပါဆိုရင် တော်တော်ခက်ခဲတဲ့အလုပ်ပါနော်။ခုတော့မွန်ကျော်ဦးက ကြားဝင်
ကူညီပေးသောအားဖြင့် ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်ထဲက ဓမ္မခန္ဓာ၂ခုထဲ
ဖြစ်သွားအောင် လုပ်ပေးထားပါပြီ။အဲဒီဓမ္မခန္ဓာ၂ခုထဲက အမှန်တစ်ခုကို တိတိကျကျ
ရွေးချယ်ဆုံးဖြတ်ကာ ဖြေဆိုရမည့်တာဝန်သည် ဆရာတော်ဦးဥက္ကဋ္ဌရဲ့အပေါ်မှာ လုံး
ဝကြီးကို ကြည်ညိုပါတယ်ဆိုတဲ့ နံပါတ်တစ်အတန်းစား ဆရာတော်ဦးဥက္ကဋ္ဌ၏တပည့်
သာဝကယောဂီကြီးများရဲ့ တာဝန်သာလျင် အမှန်ဖြစ်ပါကြောင်း-----။
***သတ္တိဗလ စွမ်းဓမ္မကို မပြမသိ ပြမှသိ၏ သိမှရိုသေ ရွံ့ကြောက်လေ၏။
ရိုသေသော်သာ လိုက်နာရွှင်လန်း ကျင့်ဖြောင့်တန်း၏။**(မဃဒေ၀-လကာင်္သစ်။)
***ဓမ္မမိတ်ဆွေများကို အသိပေးလိုသည်**


(က)မွန်ကျော်ဦးသည် ကျင့်စဉ်သမားဖြစ်၏။ဗေဒင်ဆရာမဟုတ်ပါ။
(ခ)ဗုဒ္ဒသာသနာတော်ဆိုင်ရာ အဓိကမေးခွန်းတချို့ကလွဲ၍ ကိုယ်ရေးကိုယ်တာ
မေးခွန်းများဖြင့် မနှောင့်ယှက်ကြပါရန်-မေတ္တာရပ်ခံ၏။

****သဲအင်းဂူဆရာတော်နှင့်ဆိုင်ရာများကို အချိန်အားရသည့်အခါ မွန်ကျော်ဦးရဲ့
blogကြီးထဲတွင် အသေးစိပ် အပြည့်အစုံဖော်ပြပေးပါမည်။မွန်ကျော်ဦးရဲ့ သတိပဋ္ဌာန်
လက်ဦးဆရာသည်-၀န်းသိုမြို့ ခန္တီးဆရာတော်ကြီး အဂမဟာပဏ္ဍိတ-အဘိဓဇမဟာ
ရဋ္ဌဂုရု ဘဒ္ဒန္တဦးသုဇန မဟာထေရ်(၉၃နှစ်)ဖြစ်ပါ၏။အားလုံးအဆင်ပြေကြပါစေ။။**










--
- Show quoted text -
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ပြန်လည် ဖြေရှင်းချက်များ
(၁)။
ဦးပဉ္စင်းလူထွက် မွန်ကျော်ဦးသည် ဆရာတော်ဦးဥက္ကဋ္ဌနှင့်
ဆိုင်သောအမေးပုစ္ဆာကြီးကို-ဖြေဆိုဘို့ရန် စိတ်ဆုံးဖြတ်ကာ-ပရိကံပြုပြီးလျင်----ဆိုတဲ့နေရာမှာ--


(ဤစာရေးသူသည်-မိမိရဲ့ သီးးသန့်အခန်းထဲတွင်- တံခါးအားလုံးကိုပိတ်ထားပြီးတော့-အဗြဟ္မစရိယာ ဝေရမဏိဖြင့် အထွတ်အမြတ်ပြုထားအပ်တဲ့-၅ပါးသီလသက္ခာပုဒ်တို့ကို ဆောက်တည်လိုက်၏။ခေါက်တုံ့ခေါက်ပြန် စင်္ကြန်လျှောက်နေရင်းဖြင့်-ဗုဒ္ဓဂုဏ်တော်တို့တွင် -ထပ်ပြန်အခါခါ အောက်မေ့ဆင်ခြင်ခြင်းများ-အရပ်မျာက်နှာပေါင်းစုံတို့ဆီသို့-မေတ္တာပို့လွှတ်ပေးခြင်းများကို ပြုလုပ်ပေးပြီးနောက်။။မိမိ(ဤစာရေးသူ ) အထံသို့-ကိုယ်ထင်ရှားဖြင့်-လာရောက် တွေ့ဆုံခဲ့ဘူးကြသမျှသော-သိကြားမင်း အပါအ၀င်ဖြစ်သည့် သာသနာတော်ဆိုင်ရာ အရိယာနတ်ကြီးများ-သာသနာဆိုင်ရာ ၀ိဇ္ဇာဓိုရ်ချုပ်များ-သာသနာတော်ဆိုင်ရာ ဒိဗ္ဗစက္ခုရှင် ၀ိပဿနာသမားများကို-အထူးပြုမေတ္တာပို့သပေးပြီးလျင်-ကောင်းမွန်ရိုသေစွာဖြင့်-ပင့်ဖိတ်ခေါ်ယူကာ-**သဲအင်းဂူ ဆရာတော် ဦးဥက္ကဋ္ဌနှင့် ပတ်သက်သည့်-အဖြေမှန်လိုရင်းချုပ်တို့အား-မိမိ(ဤစာရေးသူ)နဲ့အတူ-အသင့်အမှန်ဖြစ်ရအောင် ၀ိုင်းဝန်းကူညီ၍-ကြည့်ရှုစစ်ဆေး -အဆုံးအဖြတ်ပေးကြဘို့ရန်-ပြောဆိုတိုင်ကြားပြီးတဲ့အခါကျမှ-----
**ဆရာတော် ဦးဥက္ကဋ္ဌရဲ့ ပေါက်မြောက်အောင်မြင်ထားပြီးသော တရားထူးတရားမြတ်အဆင့်မှန်တို့ကို ပီပီပြင်ပြင် ထင်ထင်ရှားရှားနှင့် ပြည့်ပြည့်စုံစုံ အမှန်အတိုင်း သိမြင်ရလို၏။..သိမြင်ရစေသတည်းလို့-အဓိဋ္ဌာန်ပြုပြီးနောက် တစ်ဆက်တည်းအားအရှိန်ကြီးဖြင့်ပင်-*ဤစာရေးသူအား-သမာဓိ online တက်ကာ--သဲအင်းဂူ ဆရာတော် ဦးဥက္ကဋ္ဌရဲ့-ပေါက်မြောက်အောင်မြင်ထားပြီးသော တရားထူးအဆင့်မှန်တို့ကို တိတိကျကျ တကယ်သိရအောင်-သမာဓိအမြင်ဓာတ်ဖွင့်လို့-တိုင်းတာ စိစစ်ခဲ့ပါ၏-လို့နော်။။

ပြန်လည် ဖြေရှင်းချက်များ( ၂  )

--၀ိဇ္ဇာဓိုရ်ချုပ် တစ်ဦးမှ- အရိယာမှတ်တမ်း စာအုပ်ကြိးကို ဖွင့်လိုက်လျင်-ကွန်ပြူတာ ဖန်သားပြင်ပေါ်တွင်-ကီးဘုတ်နဲ့ type လုပ်လိုက်သကဲ့သို့ စာရိုက်တင်လိုက်တဲ့ပုံစံဖြင့် စာသား ၂လုံး တက်လာ၏။(ပေါ်ထွက်လာ၏)။စာသားက ဂါ မ ဖြစ်ပါ၏။ဆိုရာ၌---
ဤစာရေးသူရဲ့ သမာဓိ online မြင်ကွင်း(သမာဓိရှုကွင်း အ၀ိုင်းကြီး)ထဲက-ကွန်ပြူတာ ဖန်သားပြင်ပေါ်တွင်-တစ်ယောက်ယောက်က type လုပ်ပေးလိုက်သလိုမျိုးပင်-သူ့အလိုအလျောက် အလွန်ဆန်းကြယ်စွာ ---
ပထမ type ချက်အတွက်>>> အက္ခရာ တစ်လုံးထဲ- တက်လာ၏။
ဒုတိယ type ချက် အတွက် >>> -ါ အက္ခရာ တစ်လုံးထဲ-တက်လာ၏။
တတိယ type ချက်အတွက် >>> အက္ခရာ တစ်လုံးထဲ-တက်လာ၏။။

အဲဒီတော့---
ဂ 
-ါ 
(အက္ခရာ ၃လုံးပေါင်း= ဂါမ ဆိုပြီးတော့ စာသားတစ်လုံးကြီး  အဖြစ်နဲ့-အဓိပ္ပါယ် ပီပြင်ပြည့်စုံစွာ-အဆန်းတကြယ်ကြီးပင်-တကယ်ပဲ ဖြစ်သွားရတော့တယ်။)
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! 

ပြန်လည် ဖြေရှင်းချက်များ ( ၃ )

ဂါမ ဆိုတဲ့-ပါဠိတော်စာသားတစ်လုံးရဲ့ အဓိပ္ပါယ်မှန် ရိုးရိုး ရှင်းရှင်း-ဆိုတာကတော့-*ရွာ*-လို့-အဓိပ္ပါယ် ရပါတယ်။
ရွာ-ဆိုတာဟာ-ကိလေသာ ထူပြောမှုတွေ ရှိနေသေးတဲ့ ပုထုဇဉ်နဲ့ အရိယာတွေ စုပေါင်းနေထိုင်ကြတဲ့ အရပ်ဋ္ဌာနကို ရည်ညွှန်းပါတယ်နော်။တဲ့တဲ့ကြီး ဆိုလိုရင်းကတော့-အဲဒီ ဂါမ (ရွာ) ဆိုတဲ့ အရပ်ဋ္ဌာနထဲ၌-ကိလေသာ (၁၅၀၀)-အားလုံးတို့မှ-ကင်းရှင်းစင်ကြယ်ပြီးသော ရဟန္တာကြီးများ မနေထိုင်ကြ-သီတင်းမသုံးကြပါဘူး။။- ဂါမ (ရွာ) ထဲတွင်-ရဟန္တာ မရှိပါ-လို့-အတိအကျ ဆိုလိုပါတယ်နော်။။
သဲအင်းဂူ ဆရာတော် ဦးဥက္ကဋ္ဌကြီးဟာ-ဂါမ ဆိုတဲ့ ရွာကြီးထဲမှာ-ရှိနေသေးသူ- ဖြစ်ပါ၏။အဲဒီ ဂါမ(ရွာ)ထဲ၌-ပုထုဇဉ်တွေ။သောတာပန်အရိယာတွေ။သက ဒါဂါမ် အရိယာတွေ။အနာဂါမ် အရိယာတွေ နေထိုင်ကြပါတယ်။။
ဤစာရေးသူရဲ့ သမာဓိ online မြင်ကွင်း(ကွန်ပြူတာ ဖန်သားပြင်ပေါ်)နေရာ၌-- တစ်ချက်။  -ါ တစ်ချက်။- တစ်ချက် ။ဆိုပြီးတော့-၃ ချက် တိတိ ခုန်တက် ရောက်တည် -ထင်ပေါ်ထွန်းတောက်နေတာကို အတည်ယူပြီးလျင်-
**သဲအင်းဂူ ဆရာတော် ဦးဥက္ကဋ္ဌကြီးအား-အနာဂါမ် အရိယာကြီး လို့-သမာဓိ online ကြီးမှ-ထွက်ပေါ်လာတဲ့အတိုင်းပင်-အဖြေမှန်ကို - ဆုံးဖြတ် ယူလိုက်ပါ၏။နော်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
သမာဓိကျင့်စဉ်သမားများအတွက် အခွင့်အရေးကြီး
သမာဓိကျင့်စဉ်သမားများ အနေဖြင့်-မိမိတို့ရဲ့ *သမာဓိအလင်းဓာတ်ပြည့် နာမ်ကိုယ်ခန္ဓာသစ်ကြီး* တစ်ခုဖြင့်-ဗြဟ္မာ့ဘုံ တက်ရောက်၍-သဲအင်းဂူ ဆရာတော် ဦးဥက္ကဋ္ဌကြီးအား-ရှာဖွေတွေ့ဆုံကာ-မေးမြန်းမှတ်သား နိုင်တဲ့-အခွင့်အရေးထူးကြီးများကို-ယ္ခုပင် အသုံးချကြပါတော့--လို့-နော်......။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
တိတိကျကျ သိစေလိုရင်း *လျှို့ဝှက်ချက်ကြီး*ကတော့>>>အိုးဘားမား အဝ အိပ်အိပ် 8ငိုက်ခြင်းမှ noထကြ! <oway88@gmail.com> ဆိုသူရဲ့-မေးမြန်းချက် ပစ္ဆာထူးကြီးကို-ဤစာရေးသူ မွန်ကျော်ဦး(မော်လမြိုင်သား)သည်--ဥပစာရ သမာဓိအလင်းဓာတ်ဝန်းကြီးနှင့် ညီမျှခြင်း ရှိစေထားအပ်သော *မဟာမကာရ လောပ ဥာဏ်စဉ်ကြီး ဖြင့်-ကြည့်ရှုစိစစ် ဖြေဆိုခဲ့ခြင်း-အမှန်ပင် ဖြစ်ပါကြောင်း-လို့-နော်။။

သူ 
မတို့လေနဲ့ 
မြို့မာန်လည်
စည်တော်ကြီးပါကွဲ့ 
တီး သမျှ 
ဖိန့်ဖိန့် တုန်
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
(သာသနာတွင်းသား လူများစွာတို့အား-ကြည်ညိုသဒ္ဓါတရားတွေ ပွါးများနိုင်ကြစေရန်အတွက်- အထက်ပါ- စာပိုဒ်တွေထဲက -ဤစာရေးသူရဲ့-ဥပစာရသမာဓိ အလင်းဓာတ်ဝန်းကြီးနှင့် ညီမျှခြင်း ပြုထားအပ်တဲ့-မဟာမကာရ လောပ ဥာဏ်စဉ်ကြီးဖြင့်-ဖြေဆိုထားချက်များကို-မြန်မာနိုင်ငံ အတွင်းရှိ-ကမ္မဋ္ဌာန်းပြဆရာများ-သမာဓိကျင့်စဉ်သမားများအပါအ၀င်-ပြင်ပ နိုင်ငံ -အသီးသီးတွေမှာ ရှိနေကြသော-သမာဓိကျင့်စဉ်သမားများ ။ကမ္မဋ္ဌာန်းပြဆရာများ-အကုန်အားလုံးတို့မှ-လွတ်လပ်စွာပင်- ကြည့်ရှုစစ်ဆေး နိုင်ပါ၏-ခင်ဗျာ......။)
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
မဃ ဒေ၀ လင်္ကာသစ်များ>>ဆက်ရန်  ရှိသေးသည်>>>>>